စင်္ကာပူမှာ ယာဉ်တိုက်မှုကနေ ဆူပူအကြမ်းဖက်မှုဖြစ်

  • 9 ဒီဇင်ဘာ 2013
Image caption ဆူပူသူတွေက ကားတွေကို မီးရှို့ခဲ့ကြ

စင်္ကာပူမှာ ဆူပူအကြမ်းဖက်သူတွေနဲ့ ရဲတွေ မြို့လယ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးတဲ့နောက် ရဲကလူ ၂၇ယောက်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

လူ၁၆ယောက်လည်း ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူ အများစုဟာ ရဲတွေ ဖြစ်ပါတယ်။

Little India ဆိုတဲ့ နေရာမှာ လူ၄၀၀လောက်ဟာ လမ်းပေါ်ထွက် ဆူပူခဲ့ကြပြီး ရေဗူးတွေ ၊ လက်ရန်းတုတ်တွေနဲ့ ပစ်ခတ် ကားတွေကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ နေရာမှာ ရွေ့ပြောင်း အလုပ်သမားတယောက် ကားတိုက်ခံရလို့ သေဆုံးသွားခဲ့ပြီးတဲ့နောက် အခုလို ဆူပူမှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ နှစ်သုံးဆယ် အတွင်း ပထမဆုံးဖြစ်တဲ့ ဆူပူမှုဘဲလို့ ရဲမင်းကြီးက ပြောပါတယ်။