ထိုင်းဒီမိုကရက် အမတ်တွေ နုတ်ထွက်

  • 8 ဒီဇင်ဘာ 2013
thai
Image caption ဝန်ကြီးချုပ်ဟောင်း အဖိဆစ်နဲ့ အမတ်တွေ နုတ်ထွက်

အဓိက ထိုင်းအတိုက်အခံ ဒီမိုကရက် ပါတီ အမတ်တွေ အကုန်လုံး ပါလီမန်က နုတ်ထွက် ခဲ့ပါတယ်။

ကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီမိုကရက် ပါတီ က ထိုင်းဝန်ကြီးချုပ်ဟောင်း အဖိဆစ် ဝေ့ချာချီဝ က တိုင်းပြည်ကို နဂိုအတိုင်း ပြန်ဖြစ်ဖို့ အစိုးရက ပြည်သူတွေ လက်ထဲ အာဏာ ပြန်လွှဲဖို့ စောင့်နေတာ တလ ရှိနေပြီ ဖြစ်ပေမယ့် အစိုးရ ဘက်က ငြင်းဆန် ခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။

မနက်ဖန် တနင်္လာ နေ့မှာတော့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ တကျော့ ပြန်လည် ဆင်နွှဲကြဖို့ ရှိပါတယ်။

လက်ရှိ အစိုးရ မှာ တရားဝင် အာဏာပိုင်စိုးမှု မရှိတော့လို့ လွှတ်တော်မှာ သူတို့ ဆက်ပြီး လှုပ်ရှားဖို့ မရှိတော့ဘူး ဆိုပြီး ဒီမိုကရက် ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်လုံး ဆန္ဒပြပွဲတွေ အကြီးအကျယ် ဆင်နွှဲခဲ့ပြီး တခါတလေ မှာ ဆူပူ အကြမ်းဖက်တဲ့ထိ ဖြစ်ပွားခဲ့ပါတယ်။

မနက်ဖန် တနင်္လာနေ့မှာ ဝန်ကြီးချုပ် ရုံးကို ထပ်ပြီး ဝိုင်းကြမယ်၊ အဆုံးသတ် တိုက်ပွဲ ဆင်နွှဲမယ်လို့ အတိုက်အခံ ဆန္ဒပြသူတွေက မောင်းတင် နေကြပါတယ်။

ထိုင်း ဝန်ကြီးချုပ် ရင်လတ်ကတော့ ပြည်သူ့ ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ အသစ်တွေ ကျင်းပဖို့ ပါတီတွေကို အဆိုပြုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ