မန်ဒဲလား အမှတ်တရ စကားပြောမယ့်သူများ

  • 9 ဒီဇင်ဘာ 2013
africa
မန်ဒဲလား ဆုံးပါးမှု ပုံရိပ် မှတ်တမ်းတွေ

အင်္ဂါနေ့မှာ ကျင်းပမယ့် ကွယ်လွန်သူ သမ္မတ ဟောင်း နယ်လ်ဆင် မန်ဒဲလား အတွက် အောက်မေ့ဖွယ် ဝတ်ပြု ဆုတောင်းပွဲ မှာ အမှတ်တရ စကား ပြောမယ့်သူ စာရင်း ကို တောင်အာဖရိက အစိုးရက ထုတ်ပြန် လိုက်ပါတယ်။

ကမ္ဘာ့ ခေါင်းဆောင် တွေထဲမှာ အမေရိကန် သမ္မတ အိုဘားမား က ပထမဆုံး ပြောကြားမှာ ဖြစ်ပြီး အိန္ဒိယ၊ ဘရာဇီး သမ္မတ တွေနဲ့ အတူ တရုတ် ဒုတိယ သမ္မတ လည်း စကား ပြောကြဖို့ ရှိပါတယ်။

စကားပြောမယ့် ခေါင်းဆောင် စီစဉ်ပုံက တောင်အာဖရိက နိုင်ငံရဲ့ ဘက်မလိုက် နိုင်ငံခြားရေး မူဝါဒကို ထင်ဟပ်အောင် စီစဉ် ထားပုံရတယ် လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

လက်ရှိ တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇူးမားက အဓိက မိန့်ခွန်း ချွေဖို့ ရှိပါတယ်။

မစ္စတာ မန်ဒဲလား မိသားစုနဲ့ မိတ်ဆွေ တွေကလည်း သူနေထိုင် ခဲ့ဖူးတဲ့ ဂျိုဟာနစ္စဘတ် မြို့ ဆင်ခြေဖုံး Soweto က အားကစားရုံ တခုမှာ ကျင်းပမယ့် အခမ်းအနား မှာ စကား ပြောကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ