ယူကရိန်း သပိတ် စခန်းတွေ စီးနင်းခံရ

  • 9 ဒီဇင်ဘာ 2013
ukraine
Image caption ယူကရိန်း အတိုက်အခံ ဝက်ဆိုက်တွေ တိုက်ခိုက်ခံရ

ယူကရိန်း နိုင်ငံ ကီးယက်ဗ် မြို့တော်က အစိုးရ ဆန့်ကျင်သူတွေရဲ့ သပိတ် စခန်း တချို့ကို ယူကရိန်း လုံခြုံရေး တွေက ရှင်းလင်း ခဲ့ပြီး အကျဉ်းကျ နေတဲ့ အတိုက်အခံ ခေါင်းဆောင် Yulia Tymoshenko ရဲ့ ပါတီ ဌာနချုပ် ကိုလည်း ဝင်ရောက် စီးနင်းခဲ့ ကြပါတယ်။

စက်သေနတ်တွေနဲ့ ယူနီဖောင်းဝတ် တွေ ဝင်လာပြီး ကွန်ပျူတာ တွေကို အတင်း အဓမ္မ ဖယ်ရှားပစ်ကြောင်း အဖမြေ ပါတီက လွှတ်တော် အမတ် Volodymyr Ariev က ပြောကြားပါတယ်။

တရားရုံး ခွင့်ပြုချက်နဲ့ ဝင်ရှာတာလို့ ယူကရိန်း ပြည်ထဲရေး ဌာနက ချေပ ပြောကြား ပါတယ်။

ဆန္ဒပြ သမားတွေ အဓိက ခြေကုပ်ယူ ထားတဲ့ ကီးယက်ဗ် မြို့တော် လွတ်လပ်ရေး ရင်ပြင် မှာတော့ အခြေအနေက အေးဆေး ကြောင်း၊ ဒါပေမဲ့လည်း ရဲက ဆန္ဒပြ သူတွေကို အဓိက အစိုးရ အဆောက်အဦ တွေကနေ တဖြည်းဖြည်း ရှင်းလင်း နေပြီလို့ ကီးယက်ဗ် မြို့တော်က ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ယူကရိန်း နိုင်ငံမှာ ဆူပူ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာနိုင်တဲ့ အတွက် အထူး ပူပန် စိုးရိမ်မိကြောင်း အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်း သမ္မတ Viktor Yanukovich ကို ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ