ကမ္ဘာ့ အအေးဆုံးနေရာ ဂြိုဟ်တုမှ သိရှိ

  • 10 ဒီဇင်ဘာ 2013
Image caption အန္တာတိက အရှေ့ပိုင်းက ရေခဲပြင်

ကမ္ဘာ့ မြေမျက်နှာပြင်ပေါ်မှာ ၂၀၁၀ ခုနှစ် တုန်းက အပူချိန် ရေခဲမှတ်အောက် ၉၃ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားခဲ့တဲ့ ကမ္ဘာ့ အအေးဆုံး နေရာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

ကမ္ဘာ့ကို လှည့်ပတ်နေတဲ့ ဆက်သွယ်ရေး ဂြိုလ်တု တွေမှာ တပ်ဆင်ထားတဲ့ အပူချိန်တိုင်းတာတဲ့ ကိရိယာတွေက တဆင့် အန္တာတိကတိုက် အရှေ့ပိုင်းက ရေခဲတောင်ထိပ်ရဲ့ အောက်ဘက်နား ကုန်ပြင်မြင့် တနေရာမှာ အအေးဆုံး နေရာတွေကို စမ်းသပ်တွေ့ရှိမိခဲ့တာ ဖြစ်ပါတယ်။

မီတာ ၄၀၀ အမြင့်ရှိတဲ့ ရေခဲ တောင်စောင်းထိပ် အပေါက်မှာ အနိမ့်ဆုံး အပူချိန်ကို တိုင်းတာ သိရှိရတာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ နှင်းနဲ့ ရေခဲဆိုင်ရာ အချက်အလက် ဌာနက ဒေါက်တာ တက်ဒ် စကမ်ဘော့စ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ