နိုဗဲဆုရှင်ကို ပြန်လွှတ်ဖို့ တရုတ်ကို ကန် တိုက်တွန်း

  • 10 ဒီဇင်ဘာ 2013
Image caption လူရှောင်ဘိုရဲ့ ဇနီးသည်က သူတို့ ဇနီးမောင်နှံ ဓာတ်ပုံကို ပြသစဉ်

၅ နှစ်ကြာ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် လူရှောင်ဘိုကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ မစ္စတာ လူရှောင်ဘိုရဲ့ ဇနီးဖြစ်သူကိုလည်း နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

လူရှောင်ဘိုရဲ့ ဇနီးဟာ ၂၀၁၀ ခုနှစ်က လူရှောင်ဘို ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရပြီးကတည်းက နေအိမ်အကျယ်ချုပ် ကျခံနေရတာ ဖြစ်ပါတယ်။

အမေရိကန် အနေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို လိုလားကြောင်း၊ ဒါပေမယ့် တရုတ်နိုင်ငံအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ အင်မတန် အရေးကြီးကြောင်း မစ္စတာ ကယ်ရီက ဖော်ပြ ပြောဆိုပါတယ်။

လူရှောင်ဘိုဟာ ဒီမိုကရေစီရေး ပြုပြုင်ပြောင်းလဲမှုအတွက် တောင်းဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ကို ရေးသားခဲ့ရာက ထောင်ချခံခဲ့ရတာ ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်တုန်းကလည်း လူရှောင်ဘိုဟာ တီယန်မင် ရင်ပြင် ဆန္ဒပြပွဲမှာ ပထမဆုံးအနေနဲ့ ထောင်ချခံခဲ့ရဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ