ရာထူးက ဆင်းပေးဖို့ ယင်လတ် ပယ်ချ

  • 10 ဒီဇင်ဘာ 2013
Image caption ဆန္ဒပြသူတွေ ဖယ်ရှားပေးဖို့ စိတ်လှုပ်ရှားစွာ ပြောနေစဉ်။

ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်က ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် သူမကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုချက်တွေကို ပယ်ချလိုက်ပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ အနေနဲ့ လမ်းမတွေပေါ်ကနေ ဖယ်ရှားပေးဖို့ မစ်ယင်လတ်က စိတ်လှုပ်ရှားစွာနဲ့ ပြောကြားသွားခဲ့ပါတယ်။

သူမ အနေနဲ့ တတ်နိုင်သမျှ လိုက်လျောမှုတွေ လုပ်ဆောင်ပေးခဲ့ပြီးပြီ လို့လည်း သူမက ပြောကြားသွားပါတယ်။

လူပေါင်း ၁ သိန်းခွဲလောက်ဟာ မနေ့တုန်းက အစိုးရရုံးတဝိုက် စုရုံး ဆန္ဒပြနေကြပြီး မစ်ယင်လတ် မိသားစုအနေနဲ့ ထိုင်း နိုင်ငံရေးကနေ စွန့်ခွာဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

သီတင်း ၂ပတ်ကြာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် မစ်ယင်လတ် က ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ ခေါ်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ