ဂျပန် ကာကွယ်ရေး အစီအမံ တိုးချဲ့မယ်

  • 11 ဒီဇင်ဘာ 2013
Image caption ဂျပန်ရဲ့ ဒုံးပစ်စင် တစ်ခု။

ဂျပန် နိုင်ငံဟာ သူတို့အတွက် တရုတ် နိုင်ငံရဲ့ အန္တရာယ် ပိုတိုးလာနေတယ်လို့ ထင်မြင် ယူဆအတွက် အဲဒီ အန္တရာယ်ကို ကာကွယ်ဖို့ သူတို့ရဲ့ ကာကွယ်ရေး စွမ်းရည်ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုကြီး တစ်ခုကို ပြုလုပ်ဖို့ စီစဉ်နေ ပါတယ်။

လာမယ့် သီတင်းပတ်မှာ ထုတ်ပြန်ဖို့ရှိတဲ့ ဂျပန်ရဲ့ ဗျူဟာသစ် ဆိုင်ရာ မူကြမ်းမှာ အစိုးရက ကြည်းတပ် ရေတပ်ကို အင်အားအသစ် စုဖွဲ့ တည်ဆောက်ရေး အစီအစဉ်တွေနဲ့အတူ အဝေးထိန်း လူမဲ့ လေယာဉ်တွေ အပါအဝင် အဆင့်မြင့် နည်းပညာသုံး ထောက်လှမ်းရေး လေယာဉ်တွေ ဝယ်ယူရေး အစီအစဉ်တွေ ပါရှိပါတယ်။

ဒါ့အပြင် တိုက်လေယာဉ်တွေကို အရှေ့ တရုတ် ပင်လယ်ပြင် အနီးကို ပြောင်းရွှေ့ ချထားရေးလည်း ပါဝင် ပါတယ်။

အခုလို ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေကို ဂျပန် အစိုးရက ဖြစ်သင့်ဖြစ်ထိုက်တဲ့ တုံ့ပြန်မှုလို့ ခေါ်ဆိုလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ