မက်ဒါဂါစကာ ပလိပ်ဖြစ်

  • 11 ဒီဇင်ဘာ 2013
plague
Image caption ကြွက်သန်းကဖြစ်တဲ့ ပလိပ်ကို ဆေးဖျန်းသုတ်သင်

အာဖရိက တိုက်နားက မက်ဒါဂါစကာ ကျွန်းမှာ အဆုတ်ရောင် ပလိပ်ရောဂါ ဖြစ်နေပြီလို့ နိုင်ငံရဲ့ ကျန်းမာရေး ဌာနက ပြောကြား လိုက်ပါတယ်။

အဆုတ်ပလိပ် ရောဂါရှင် ၂ ယောက်ကို မက်ဒါဂါစကာ မှာ တွေ့ရှိ ခဲ့တာ ဖြစ်ပြီးပလိပ် ရောဂါ တွေထဲမှာ ဒီပလိပ်က အတွေ့ရ အနည်းဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး ပလိပ် ရောဂါ ဖြစ်ပါတယ်။

အင်္ဂါ နေ့က မက်ဒါဂါစကာ ကျွန်း အနောက် မြောက်ပိုင်းမှာ ပေါင်ခြံနဲ့ ကိုယ်လက် အင်္ဂါတွေမှာ အကျိတ်ထွက်တဲ့ ပလိပ်ရောဂါ ကြောင့် လူ ၂ဝ ထက်မနည်း သေဆုံး တယ် လို့ သတင်း ရရှိ ပါတယ်။

ပလိပ် ရောဂါ ပုံမှန် ကူးနေကျ လမ်းကြောင်း ဖြစ်တဲ့ ကြွက်သန်း ကိုက်လို့ မဟုတ်ဘဲ လူ လူချင်း ကူးစက်နိုင်တဲ့ အတွက် အဆုတ်ရောင် ပလိပ် ရောဂါကို ပိုပြီး အန္တရာယ် ရှိတယ်လို့ သတ်မှတ် ထားပါတယ်။

အခု တွေ့ရှိထားတဲ့ အဆုတ် ပလိပ် ရောဂါရှင် ၂ ယောက်ကို ဝေးလံ ခေါင်ဖျား ပြီး အသွားအလာ ခက်တဲ့ နေရာ တွေမှာ တွေ့တာလို့ မက်ဒါဂါစကာ ကျန်းမာရေး ဌာန ညွှန်ကြားရေး ဝန်က ဘီဘီစီကို ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ