သေဒဏ်ကျ အစ္စလာမစ် ခေါင်းဆောင် အယူခံ ရှုံး

  • 12 ဒီဇင်ဘာ 2013
Image caption အယူခံရှုံးသွားသည့်တိုင် အပြစ် ဝန်မခံသေးတဲ့ မူလာ။

ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး စစ်ပွဲအတွင်း ၁၉၇၁ ခုနှစ်က လူသားမျိုးနွယ်တွေ အပေါ် လူမဆန်တဲ့ သတ်ဖြတ်မှုတွေ အတွက် သေဒဏ် ချမှတ် ခံထားရတဲ့ အစ္စလာမ်မစ် အတိုက်အခံ ခေါင်းဆောင် တစ်ဦး ဖြစ်သူ အက်ဘဒူ ခဒါ မူလာ ရဲ့ အယူခံကို ဘင်္ဂလားဒေ့ရှ် တရားရုံး ချုပ်က ပယ်ချလိုက်ပါတယ်။

အက်ဘ်ဒူ ခါဒါ မူလာဟာ အတိုက်အခံ ဂျမတ် အီ အစ္စလာမ်မီ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး သူ့ရဲ့အယူခံကို ကြားနား စစ်ဆေးနေ တုန်းကတော့ သူ့ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ရှေ့နေချုပ် က ဘီဘီစီကို ပြောကြားရာမှာတော့ ဥပဒေကြောင်းအရ လုပ်ဆောင်နိုင်မှုက ပြီးသွားပြီ ဖြစ်ကြောင်းနဲ့ နောက်ထပ် လုပ်နိုင်စရာ ဆိုလို့ သမ္မတထံ လွတ်ငြိမ်းချမ်းသာခွင့် တင်ဖို့ပဲ ရှိတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် စစ်ရာဇဝတ်မှု တရားရုံးကနေ အစ္စလာမ်မစ် ခေါင်းဆောင်တွေကို ဒီနှစ်ထဲ စီရင်ချက် အများအပြား ချနေရာမှာ အခု အမှုဟာ ပထမဆုံး စီရင်မယ့် သေဒဏ်ဖြစ်ပါလိမ့်မယ်။

လုံခြုံရေးတွေကိုတော့ မြို့တော် ဒါကာနဲ့ နိုင်ငံတဝန်းမှာ တိုးမြှင့်ချထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ