လေယာဉ်မှူး အရည်အချင်း တရုတ် ထုတ်ပြန်

  • 12 ဒီဇင်ဘာ 2013
Image caption မြူခိုးတွေ ဝေနေတဲ့ ဘေဂျင်း

တရုတ်နိုင်ငံ ဘေဂျင်းမြို့ဟာ မကြာခဏ မြူခိုး တွေနဲ့ ပိတ်မှောင် နေတာကြောင့် ဘေဂျင်းမှာ ဆင်းသက်မယ့် လေယာဉ် ပိုင်းလော့တွေ အနေနဲ့ မြင်ကွင်း သိပ်မသဲကွဲတဲ့ အနေအထား မှာလည်း ကောင်းကောင်း ဆင်းသက်နိုင်တဲ့ အရည်အချင်း ရှိရမယ်ဆိုပြီး တရုတ်နိုင်ငံ လေကြောင်းဆိုင်ရာ အာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။

လာမယ့် ဇန်နဝါရီလက စပြီး တရုတ်နိုင်ငံရဲ့ အတက်အဆင်း အများဆုံး ပြည်နယ် လေယာဉ်ကွင်း ၁၀ ခုက လာတဲ့ လောယာဉ်မှူးတွေဟာ မြို့တော် ဘေဂျင်းမှာ ဆင်းဖို့အတွက် ကွင်းကို မီတာ ၄၀၀ အကွာမှသာ မြင်ရတဲ့ အခြေအနေမျိုးမှာလည်း ဆင်းသက်နိုင်မယ့် အရည်အချင်း ရှိရမှာ ဖြစ်တယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အခုလို မြင်းကွင်းမရှင်းတဲ့ အခြေအနေမျိုးမှာ လေယာဉ် တွေဟာ တခြား လေဆိပ်တွေကို ပြောင်းလဲ ဆင်းသက်နေကြရတာ ဖြစ်ပါတယ်။

ဘေဂျင်း နိုင်ငံတကာ လေဆိပ်ဟာ ကမ္ဘာပေါ်မှာ အကြန့်ကြာဆုံး လေဆိပ် ဆိုပြီး မကြာသေးခင်ကမှ ကင်ပွန်းတပ်ခံထားရတာ ဖြစ်ပါတယ်။

လေထု ညစ်ညမ်းမှုကြောင့် ဖြစ်တဲ့ မြူခိုးတွေကြောင့် လေယာဉ်တွေဟာ မကြာခဏဆိုသလို အဆင်းအတက် မလုပ်နိုင်ဘဲ ဖြစ်နေကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ