အစ္စလာမ်မစ် ခေါင်းဆောင် မူလာကို ကြိုးပေးပြီ

  • 12 ဒီဇင်ဘာ 2013
Image caption မူလာရဲ့ အယူခံကို ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က ပယ်ချလိုက်တာဖြစ်။

ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး စစ်ပွဲအတွင်း ၁၉၇၁ ခုနှစ်က လူသားမျိုးနွယ်တွေ အပေါ် လူမဆန်တဲ့ သတ်ဖြတ်မှုတွေအတွက် သေဒဏ် ချမှတ် ခံထားရတဲ့ အစ္စလာမ်မစ် အတိုက်အခံ ခေါင်းဆောင် ဖြစ်သူ အက်ဘဒူ ခဒါ မူလာ ကို ကြိုးပေးလိုက်ပါတယ်။

အက်ဘ်ဒူ ခါဒါ မူလာဟာ အတိုက်အခံ ဂျမတ် အီ အစ္စလာမ်မီ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး သူ့ရဲ့အယူခံကို ကြားနား စစ်ဆေးနေတုန်းကတော့ သူ့ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် တရားရုံး ချုပ်က အစောပိုင်းကပဲ သူ့ရဲ့ အယူခံကို ပယ်ချလိုက်အပြီး အခုလို ကြိုးပေးလိုက်တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် စစ်ရာဇဝတ်မှု တရားရုံးကနေ အစ္စလာမ်မစ် ခေါင်းဆောင်တွေကို ဒီနှစ်ထဲမှာ စီရင်ချက် အများအပြား ချနေရာမှာ အခု အမှုဟာ ပထမဆုံး စီရင်တဲ့ သေဒဏ်ဖြစ်ပါတယ်။