Jang Song Thaek ကွပ်မျက်ခံရ

  • 12 ဒီဇင်ဘာ 2013
korea
ရာထူးက ဖယ်ရှားခံရတဲ့ Jang Song Thaek

မြောက် ကိုရီးယား ခေါင်းဆောင် Kim Jong-Un ရဲ့ ဦးလေး တော်တဲ့ Jang Song Thaek ကို ကွက်မျက် လိုက်ပြီလို့ မြောက် ကိုရီးယား အစိုးရ သတင်းဌာနက ကြေညာခဲ့ ပါတယ်။

Jang Song Thaek ကို ကြာသပတေးနေ့က အထူးစစ်တရားရုံးမှာ စစ်ဆေးခဲ့ပြီးနောက် ကွက်မျက်ခဲ့တာလို့ ဆိုပါတယ်။

သူ့ကို အာဏာကို အလွဲသုံးစားလုပ်ပြီး နိုင်ငံတော်အာဏာကို ရယူဖို့ ကြိုးစားတယ်လို့ စွဲချက်တင်ခဲ့ပြီး Jang Song Thaek ကလည်း အပစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ မြောက်ကိုရီးယား သတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။

ဒီတပတ် စောစောပိုင်း ကပဲ Jang Song Thaek ကို ယူနီဖောင်းဝတ် အစောင့်အကြပ် တွေက ပါတီ အစည်းအဝေး ခန်းမထဲက ဆွဲခေါ်ထုတ်သွားတဲ့ ပုံတွေ မြောက် ကိုရီးယား ရုပ်မြင်သံကြားမှာ ပေါ်ထွက် လာခဲ့ပါတယ်။

သူ့ကို သစ္စာ ဖောက်မှု၊ အကျင့်ပျက်မှု၊ မူးယစ်ဆေးသုံး စွဲမှုနဲ့ တန်ပြန် တော်လှန်ရေး လုပ်တယ် ဆိုပြီး စွဲချက် တွေနဲ့ အစိုးရ ရာထူး တွေ ကနေ ဖယ်ရှား ခဲ့ပါတယ်။

Jang Song Thaek ဟာ မြောက်ကိုရီးယား စစ်တပ်မှာရော ပါတီမှာ အဆင့်မြင့် ထိပ်တန်းရာထူးတွေကို ရယူထားခဲ့ပြီး Kim Jong-Un ပြီးရင် မြောက်ကိုရီးယားမှာ အာဏာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။

သူဟာ ဖခင် ဖြစ်သူ Kim Jung-Il ကနေ သား ဖြစ်သူ Kim Jung- Un ဆီ အာဏာ အလွဲအပြောင်းကာလကို ကြီးကြပ်ခဲ့သူ ဖြစ်လို့ မြောက်ကိုရီးယား နိုင်ငံရေးမှာ အဓိက ကျသူ ဖြစ်ပါတယ်။

သူ့ကို အခုလို ကွက်မျက်လိုက်တာဟာ Kim Jung- Un အနေနဲ့ သူ့ရဲ့ အာဏာကို ပိုခိုင်မာအောင် လုပ်ဖို့ ကြိုးပမ်းမှု အဖြစ် အများက မြင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ