မူလာကို ကြိုးပေးမှု အကြမ်းဖက် ကန့်ကွက်

  • 13 ဒီဇင်ဘာ 2013
Image caption ရဲတွေနဲ့ ထိပ်တိုက်တွေ့ကြတဲ့ မူလာကို ထောက်ခံသူများ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အစ္စလာမ်မစ် ခေါင်းဆောင် အက်ဘ်ဒူ ခဒါ မူလာကို ကြိုးပေး ကွက်မျက်လိုက်တဲ့ အပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နေရာတချို့မှာ အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံး သွားပါတယ်။

ဆန္ဒပြသူတွေဟာ အိမ်တွေ၊ ဆိုင်တွေနဲ့ ယာဉ်တွေကို မီးရှို့ခဲ့ကြပါတယ်။

အက်ဘ်ဒူ ခဒါ မူလာကို ၁၉၇၁ ခုနှစ်က လွတ်လပ်ရေး စစ်ပွဲအတွင်း လူသားတွေ အပေါ် ရက်စက်စွာ သတ်ဖြတ်ခဲ့မှု အတွက် မနေ့တုန်းက ကြိုးပေးလိုက်တာ ဖြစ်ပါတယ်။

အခုလို အကြမ်းဖက်မှုတွေ ရှိနေပေမယ့်လည်း သူ့ကို ဆန့်ကျင်သူတွေကတော့ ဒါကာမြို့တော်က လမ်းမတွေပေါ် ထွက်ပြီး ကွပ်မျက်မှုအပေါ် ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ