မြောက်ကိုရီးယား နောက်ဆက်တွဲ ဂယက်

  • 13 ဒီဇင်ဘာ 2013
ဂျန်ဆွန်ထက်ကို မကွပ်မျက်မီ ရုံးထုတ်လာစဉ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ဦးလေးတော်သူလည်းဖြစ်၊ နိုင်ငံတော် ထိပ်တန်း အာဏာရှိသူ တစ်ဦးလည်း ဖြစ်သူ ဂျန်ဆွန်ထက် ကို အာဏာသိမ်းရန် ကြိုးစားမှုနဲ့ မနေ့က ကွပ်မျက်လိုက်ပြီ ဖြစ်ပါတယ်။

အခုလို ကွပ်မျက်လိုက်အပြီးမှာ တောင်ကိုရီးယား ဘက်က သူ့နိုင်ငံကို အသင့် အနေအထားမျိုး တပ်လှန့်ထားပါတယ်။

အသက်အရွယ် ငယ်သေးတဲ့ ခေါင်းဆောင် မစ္စတာ ကင်မ်ဟာ အာဏာကို ထိန်းချုပ်ထားနိုင်ဖို့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တဲ့ပုံ ရှိတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ နောက်ပြီး တောင်ကိုရီးယားဘက်ကိုလည်း ရန်စလာနိုင်တယ်လို့ ဆိုပါတယ်။

အစိုးရကို ဖြုတ်ချဖို့ ကြံစည်တဲ့အတွက် မစ္စတာ ဂျန်ကို ကွပ်မျက်လိုက်တာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ကြေညာသွားပါတယ်။

ပြုံယမ်းရဲ့ အိမ်နီးချင်းလည်းဖြစ် မဟာမိတ် နိုင်ငံလည်း ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ အခု ကွပ်မျက်မှုဟာ မြောက်ကိုရီးယားရဲ့ ပြည်တွင်းရေး ဖြစ်တယ်လို့ ပြောပေမယ့် သတင်းထောက်တွေကတော့ တရုတ်ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး အထူးစိုးရိမ်မှု ရှိနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ