ဒုက္ခသည်တွေအတွက် အီးယူ အကူအညီ ဝေဖန်ခံရ

Image caption ဒုက္ခသည် စခန်းတွေမှာ အအေးဒဏ် ခံနေကြရ။

ဆီးရီးယား ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ဥရောပ သမဂ္ဂက ပေးတဲ့ အကူအညီဟာ တကယ့် ရယ်စရာ ဖြစ်နေပါတယ်လို့ လူ့ အခွင့်အရေး အဖွဲ့ဖြစ်တဲ့ Amnesty International က အီးယူကို ဝေဖန် ပြောကြားလိုက်ပါတယ်။

ဥရောပကို ကြိုးစားပြီး အရောက်လာကြတဲ့ ဆီးရီးယား ဒုက္ခသည်တွေဟာ ကာလရှည် ထိန်းသိမ်းခံနေရမှုတွေ အပါအဝင် အတားအဆီးတွေ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီး ဒုက္ခသည်တွေအတွက် အီးယူ ခေါင်းဆောင်တွေဘက်က ကူညီမှုဟာ မဆိုစလောက်သာ ရှိတယ်လို့ Amnesty International က ထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆီးရီးယားက တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာကြသူ ဒုက္ခသည်တွေဟာ အခု ဆောင်းတွင်းအချိန် ရေခဲတမျှ အေးတဲ့ အအေးဒဏ်နဲ့ နှင်းတွေ ထူထူထဲထဲ ကျနေတဲ့ ဒဏ်တွေကြောင့် ဒုက္ခတွေ ရင်ဆိုင်နေရတဲ့ အတွက် Amnesty International ရဲ့ အစီရင်ခံစာ ထွက်ရှိလာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ