လကမ္ဘာပေါ် တရုတ် စက်ရုပ်ယာဉ်ငယ် ဆင်းသက်

  • 14 ဒီဇင်ဘာ 2013
Image caption တရုတ်ဟာ အာကာသ လေ့လာရေး အစီ အစဉ် တွေကို ရည်မှန်းချက်ထား လုပ်ဆောင်နေ

တရုတ် နိုင်ငံ ကနေ ဒီဇင်ဘာ ၁ ရက်နေ့က လကမ္ဘာပေါ် လွှတ်တင် လိုက်တဲ့ ယူတူ စက်ရုပ် ယာဉ်ငယ်ဟာ လကမ္ဘာ မြေပြင် ပေါ်ကို အောင်မြင်စွာ သက်ဆင်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

တရုတ် နိုင်ငံဟာ အာကာသ လေ့လာရေး အစီ အစဉ် တွေကို ရည်မှန်းချက်ထား လုပ်ဆောင် နေတာ လည်း ဖြစ်ပါတယ်။

တရုတ် တို့ရဲ့ အခု လကမ္ဘာ လေ့လာရေး အစီ အစဉ် အောင်မြင်မယ် ဆိုရင်တော့ ဒါဟာ အမေရိကန်နဲ့ ဆိုဗီယက် ပြည်ထောင်စု တို့ပြီးရင် တရုတ် နိုင်ငံဟာ လကမ္ဘာ ယာဉ် လွှတ်တင် နိုင်တဲ့ တတိယမြောက် နိုင်ငံ ဖြစ်လာ မှာပါ။

လကမ္ဘာပေါ် အာကာသ လေ့လာရေးယာဉ် နောက်ဆုံး လွှတ်တင် နိုင်ခဲ့ တာကတော့ လွန်ခဲ့တဲ့ နှစ် ၄၀ နီးပါး ကပါ။

ယူတူ အာကာသ ယာဉ်ဟာ လကမ္ဘာ ပေါ်က သက်တန့်ရောင်တန်း ကမ်းနေရာလို့ ခေါ်တဲ့ မီးတောင်ပြန့် နေရာ တခုမှာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

ဘီး ၆ လုံးပါတဲ့ ဒီစက်ရုပ် ယာဉ်ငယ်ဟာ တနာရီကို မီတာ ၂၀၀ သွားလာ နိုင်မှာ ဖြစ်ပြီး ၃၀ ဒီဂရီ စောက် ရှိတဲ့ အစောင်းကိုလည်း တက်နိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ