ကော်လိုရာဒို အထက်တန်းကျောင်း တခုမှာ ပစ်ခတ်မှု ဖြစ်

  • 14 ဒီဇင်ဘာ 2013
Image caption ကျောင်း၀န်းထဲက လူတွေ လက်မြှောက်ပြီး ထွက်အလာ

အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ် ဒန်ဗာမြို့တောင်ပိုင်း အထက်တန်းကျောင်း တခုက ပစ်ခတ်မှုမှာ ကျောင်းသား နှစ်ယောက် ထိခိုက် ဒဏ်ရာရခဲ့ပြီး အဲဒီအထဲက တယောက်ရဲ့ အခြေအနေက တော်တော်ဆိုးရွားတယ်လို့ ရဲက ပြောပါတယ်။

အဲဒီ ကျောင်းက ကျောင်းသား တယောက်ဖြစ်တဲ့ သေနတ်သမားလို့ ယူဆရသူကတော့ နောက်ဆုံးမှာ သူ့ကိုသူ အဆုံးစီရင် သွားခဲ့ပြီး အခုတော့ ပစ်ခတ်မှု ပြီးဆုံးသွားပြီလို့ ရဲက ပြောပါတယ်။

အစောပိုင်းတုန်းကတော့ ရုပ်မြင်သံကြား သတင်းတွေမှာ ကျောင်းသားတွေ လက်မြှောက်ကာ ကျောင်းထဲကနေ ထွက်လာတာကို မြင်တွေ့ရပါတယ်။

Connecticut ပြည်နယ်က Sandy Hook မူလတန်းကျောင်း ပစ်ခတ်မှု ဖြစ်ခဲ့ပြီး တနှစ်ကြာတဲ့ အချိန်မှာ အခု ဒီပစ်ခတ်မှု ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။