မြောက်ကိုရီးယား မတည်ငြိမ်မှု ဒေသတွင်းစိုးရိမ်

  • 14 ဒီဇင်ဘာ 2013
ဂျန်ကို ရာထူးက ဖြုတ်ချတဲ့သတင်းကိုအများကြည့်နေစဉ်
Image caption ဂျန်ကို ရာထူးက ဖြုတ်ချတဲ့ သတင်းကို အများကြည့်နေစဉ်

မြောက်ကိုရီးယားနိုင်ငံမှာ ဂျန်ဆောင်ထက် ပြုတ်ကျတာ လျင်မြန်သလို လူသိထင်ရှား ဖြစ်ခဲ့ပါတယ်။ တိုင်းပြည်မှာ ဒုတိယ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ဦးလေးလည်းဖြစ် လမ်းညွှန်လည်း လုပ်ခဲ့သူကို ပါတီအစည်းအဝေးကနေ ဆွဲထုတ်ပြီး စစ်ခုံရုံးရှေ့မှာ အစစ်ခံရတာကို နိုင်ငံပိုင် မီဒီယာက ပြသွားပါတယ်။

တန်ပြန် တော်လှန်မယ့် လှုပ်ရှားမှုမှာ သူအဓိက ဖြစ်တယ်လို့ သတင်းတွေလည်းပေါ်ထွက်လာပါတယ်။ သူ့ရဲ့ အနီးကပ်ဆုံးလူယုံနှစ်ယောက်လည်း ကွပ်မျက်ခံရပါတယ်။ နောက်ပြီး သူ့လူယုံတွေကိုလည်း ပြုန်ယမ်း မြို့တော်ကိုပြန်ခေါ်ခဲ့ပါတယ်။

အခုလို ဂျန်ဆောင်ထက်ကို မြန်မြန်စစ်ဆေးပြီး မြန်မြန်အဆုံး စီရင်လိုက်တာဟာ တိုင်းပြည် အပြောင်းအလဲ လုပ်ချင်သူတွေ အတွက် နိုင်ငံ့ခေါင်းဆောင်ကနေ ပြင်းထန်တဲ့ သတင်းစကား ပါးလိုက်တာ ဖြစ်ပါတယ်။

တိုင်းပြည်မှာ ဒုတိယတန်ခိုးအကြီးဆုံး လူကို နှိမ်နင်းနိုင်ရင် ဘယ်သူ့ကိုမဆို နှိပ်ကွပ်နိုင်တယ်လို့ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုအပစ်ပေး အရေးယူလိုက်တာဟာ တကယ်ဘဲ ကင်ဂျွန်အန်ရဲ့ လက်ချက်တခုထဲလား ဒါမှမဟုတ် စစ်တပ်က အာဏာကို ပြန်ထူထောင်ဖို့ ကြိုးစားနေသလားဆိုတာ အများက မေးစရာဖြစ်နေပါတယ်။

အခုလို ဂျန်ကို အရေးယူလိုက်တာ တကယ်တော့ လက်ရှိ အုပ်စိုးနေတဲ့ မိသားစုဟာ သူတို့ လုပ်ပြနေသလို တကယ် ညီညွတ်တဲ့အ ဖွဲ့မဟုတ်ဘူးဆိုတာ သိသာပါတယ်။

နောက်တခါ တောင်ကိုရီးယားနဲ့ ဒေသတွင်းမှာတော့ ပြုံယမ်းရဲ့ မတည်ငြိမ်မှုဟာ စိုးရိမ်စရာအကောင်းဆုံး အန္တရာယ်လို့ ယူဆနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ