ကမ္ဘာဖလား ဘောလုံးပွဲ အားကစားရုံမှာ အလုပ်သမား သေဆုံးမှုရှိ

  • 15 ဒီဇင်ဘာ 2013
Image caption ပေတရာကျော် အားကစားရုံ အမြင့်ပေါ်က အလုပ်သမားတယောက် ကျသေဆုံး

ဘရာဇီး နိုင်ငံမှာ နောက်နှစ်ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲ အတွက် ဆောက်နေတဲ့ အားကစားရုံ ခေါင်မိုးပေါ်ကနေ ဆောက်လုပ်ရေး အလုပ်သမား တယောက် ပြုတ်ကျ သေဆုံးသွားခဲ့ပါတယ်။

သူဟာ Manaus မြို့တော်က အားကစားရုံသစ် ခေါင်မိုးပေါ်မှာ အလုပ်လုပ်နေတုန်း အမြင့် ပေ တရာကျော် ကနေ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် နာရီပိုင်း အကြာမှာ ကမ္ဘာဖလား ဘောလုံးပွဲကျင်းပမယ့် နေရာနားမှာ နောက်အလုပ်သမား တယောက်လည်း နှလုံးရောဂါ ဖောက်လာပြီး သေဆုံးသွားခဲ့ပါတယ်။

သူဟာ မရပ်မနား အလုပ်လုပ်ရတဲ့ ဒဏ်ကြောင့် သေဆုံးသွားတာလို့ မိသားစု၀င်တွေက ပြောပါတယ်။

ဆောက်လုပ်ရေး အလုပ်သမား သမဂ္ဂတွေ ကတော့ အလုပ်ခွင် အခြေအနေတွေ ဆိုးရွား မလုံခြုံတဲ့ အပေါ် သပိတ်မှောက် ဖို့ သင့်မသင့် ဆိုတာကိုဆွေးနွေး နေကြပါတယ်။

ဘရာဇီးမှာ ကမ္ဘာဖလား ဘောလုံးပွဲ ကျင်းပနိုင်ဖို့ အားကစားရုံတည်ဆောက်မှုတွေ အချိန်မှီ ပြီးအောင် အလျင်အမြန် ဆောက်လုပ်နေရာမှာ ဆောက်လုပ်ရေး အလုပ်သမားတွေသေဆုံးမှု တော်တော်များများ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။