ချီလီ သမ္မတ ရွေးကောက်ပွဲ Michelle Bachelet အနိုင်ရ

  • 16 ဒီဇင်ဘာ 2013
Image caption သမ္မတ ရွေးပွဲ အနိုင်ရသွားတဲ့ Michelle Bachelet

ချီလီ သမ္မတ ရွေးကောက်ပွဲမှာ ဆိုရှယ်လစ် ဝါဒီ ကိုယ်စားလှယ် Michelle Bachelet က အနိုင်ရသွားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

နောက်ဆုံးအဆင့် ရွေးကောက်ပွဲမှာ မဲတဝက်ကျော်ကို ရေတွက်ပြီးချိန်မှာ သူမဟာ ပြိုင်ဖက် ဗဟိုလက်ယာယိမ်း နိုင်ငံရေး သမား အီဗာလင် မက်တေး ကို ထောက်ခံမဲ ၆၀ ရာနှုန်းနဲ့ အနိုင်ရမယ့် ပုံ ရှိနေပါတယ်။

မစ္စမက်တေး ကလည်း ရှုံးကြောင်း အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။

ချီလီမှာ အာဏာရှင် ပီနိုရှေး အုပ်ချုပ်ခဲ့ပြီးတဲ့နောက် မီချဲလ် ဘက်ချာလက်ထ် ဟာ ဆက်တိုက် မဟုတ်ပေမယ့် သမ္မတ သက်တမ်း နှစ်ကြိမ် အုပ်ချုပ်ရတဲ့ ပထမဆုံး ခေါင်းဆောင် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

နိုင်ငံမှာ စီးပွားရေး လုပ်ငန်းကြီးတွေ ဆီက အခွန် တိုးကောက်ပြီး ပညာရေးမှာ အကြီးအကျယ် ရင်းနှီးမြုပ်နှံသွားမယ့် အပြင် ချမ်းသာကြွယ်၀မှု ညီမျှစေရမယ်လို့ သူမက ကတိပေးခဲ့ပါတယ်။