မင်းသားကြီး ပီတာ အိုတူးလ် ကွယ်လွန်

Image caption တချိန်တုန်းက လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ မင်းသားကြီး Peter O'Toole

Lawrence of Arabia ဇတ်ကားနဲ့ ကျော်ကြားခဲ့တဲ့ ရုပ်ရှင်မင်းသားကြီး ပီတာ အိုတူးလ် ဟာ နာတာရှည် ရောဂါခံစားခဲ့ရပြီးတဲ့နောက် အသက် ၈၁ နှစ် အရွယ်မှာ မနေ့က လန်ဒန်မှာ ကွယ်လွန်သွားခဲ့ပါပြီ။

"Beckett" ဇတ်ကားမှာ ဒုတိယမြောက် ဟယ်ရီ ဘုရင် အဖြစ်နဲ့ "Jeffrey Bernard is Unwell" မှာလည်း အရက်သမား သတင်းထောက် အဖြစ် ဇတ်ကောင် မျိုးစုံ သရုပ်ဆောင်ခဲ့ပြီး ပရိတ်သက်ကို ညို့ယူ ဖမ်းစားနိုင်တဲ့ စွယ်စုံရ မင်းသားကြီး အိုတူးလ်ဟာ ရှစ်ကြိမ်လောက် အော်စကာ နောက်ဆုံး ဆန်ကာတင် စာရင်း၀င်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ရှိတ်စပီးယား ပြဇတ်မှာလည်း ပါ၀င် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

အိုင်ယာလန် သမ္မတ မိုက်ကယ် ဟစ်ဂင်းစ်က သူကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ အိုင်ယာလန်မှာကော တကမ္ဘာလုံးမှာပါ ထူးချွန်တဲ့ ရုပ်ရှင်နဲ့ ပြဇတ် သရုပ်ဆောင်ကောင်း တယောက် ဆုံးရှုံးသွားတာဘဲလို့ ဆိုပါတယ်။