တရုတ် အဓိကရုဏ်းမှာ လူ ၁၄ ဦးကို ပစ်သတ်

  • 16 ဒီဇင်ဘာ 2013

တည်ငြိမ်မှု သိပ်မရှိလှတဲ့ တရုတ်နိုင်ငံ ရှင်ဂျန်း ဒေသမှာ အဓိကရုဏ်း တစ်ခုအတွင်း လူပေါင်း ၁၄ ဦးကို ရဲက ပစ်သတ်လိုက်တယ်လို့ သတင်း ရရှိပါတယ်။

တရုတ် အစိုးရ သတင်းမီဒီယာက ပြောတာကတော့ ကက်ရှ်ဂါ မြို့ အနီးမှာ ရာဇဝတ်သားတွေလို့ သံသယ ရှိသူတွေကို ရဲကနေ ဖမ်းဖို့ ကြိုးပမ်းရာမှာ လက်နက်တွေ ဖောက်ခွဲပစ္စည်းတွေနဲ့ ဓားတွေ ကိုင်ဆောင်ထားတဲ့ လုပ်အုပ်စု တစ်စုကနေ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီမှာ ရဲ အရာရှိ ၂ ဦး လည်း သေဆုံးသွားတယ်လို့ ပြောပါတယ်။

ရှင်ဂျန်းပြည်နယ်မှာ အခုနှစ်ထဲ အကြမ်းဖက် ဖြစ်ရပ်တွေ အများအပြား ဖြစ်ပွားလာနေရာ အစိုးရကတော့ ဒါဟာ ခွဲထက်ရေးသမားတွေ လက်ချက် ဖြစ်တယ်လို့ ပုံမှန်လိုလို အပြစ်တင်ပြောလေ့ရှိပါတယ်။

အဲဒီဒေသမှာ အများစုနေထိုင်ကြတဲ့ လူနည်းစု ဝီဂါ မွတ်ဆလင်တွေကတော့ အခုလို စွပ်စွဲချက်တွေကို ပယ်ချလိုက်ပြီး ဒါဟာ အစိုးရအနေနဲ့ နောက်ထပ် ဖိနှိပ်မှုတွေ လုပ်ချင်လို့ အကြောင်းပြတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ