မြို့နယ်ရုံးကို အီရတ် လုံခြုံရေး ပြန်ထိန်းချုပ်

  • 16 ဒီဇင်ဘာ 2013
Image caption ဘဂ္ဂဒက်မြို့အနီး ဗုံးကွဲမှုတစ်ခု။

အီရတ်နိုင်ငံ တီကရစ်မြို့ ကောင်စီဌာနချုပ်ရုံးကို သေနတ်သမားတွေက ဝင်စီးထားရာကနေ အခုတော့ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ပြန်လည် ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။

သေနတ်သမားတွေ ဖမ်းထားတဲ့ ဓားစာခံ အယောက် ၄၀ ကိုလည်း ပြန်လွှတ်ပေးခဲ့တယ်လို့ လုံခြုံရေး တပ်ဖွဲ့ တွေက ပြောပါတယ်။ သေကျေ ထိခိုက် ဒဏ်ရာ ရမရ ကိုတော့ မသိရသေးပါ။

နိုင်ငံ မြောက်ဘက် မိုဆူးလ် မြို့မှာတော့ စစ်သွေးကြွတွေကနေ ဘတ်စ်ကား တစ်စီးပေါ်က လူ ၁၂ ယောက်ကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဘဂ္ဂဒက်မြို့ထဲနဲ့ အနီးတဝိုက်တွေမှာတော့ ဗုံးကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ရာ လူ အနည်းဆုံး ၉ ဦး သေဆုံးသွားပါတယ်။

ဘေဂျီမြို့မှာတော့ မြို့နယ် ရဲစခန်းကို ချိုးဖောက်ဝင်ရောက်လာတဲ့ အသေခံ ဗုံးခါးပတ်တွေ ဝတ်လာသူ အမျိုးသား ၄ ဦးကို လုံခြုံရေး တပ်ဖွဲ့တွေ က သတ်ဖြတ်ပစ်လိုက်နိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ