စစ်တပ် အသင့်ရှိနေဖို့ တောင်ကိုရီးယား သမ္မတ ပြော

  • 16 ဒီဇင်ဘာ 2013
Image caption စစ်တပ်ကို နိုးနိုးကြားကြားရှိဖို့ ပတ်ဂွန်ဟေး သတိပေး

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ဦးလေး တော်သူ ထိပ်တန်း အာဏာရှိသူ တစ်ဦး ကွပ်မျက်ခံရပြီးနောက် တောင်ကိုရီးယားကို အဆင်အခြင်မဲ့ ကျူးကျော် ရန်စလာနိုင်တဲ့ အတွက် တင်ကြို ပြင်ဆင်မှုတွေ လုပ်ထားရ မယ်လို့ တောင်ကိုရီးယား သမ္မတ Park Geun-hye က ပြောကြားလိုက်ပါတယ်။

လုံခြုံရေး အခြေအနေဟာ ဘယ်လိုမှ ခန့်မှန်းလို့ မရတဲ့ အခြေအနေမှာ ရှိနေပြီး အလွန် စိုးရိမ်ရတယ်လို့ ပတ်ဂွန်ဟေးက ပြောကြားခဲ့ပြီး စစ်တပ်အနေနဲ့ နိုးနိုးကြားကြား ရှိနေဖို့ကို သူမက သတိပေးထားပါတယ်။

မြောက်ကိုရီးယားဘက်ကနေ တောင်ကိုရီးယားဘက်ကို ဘက်ပြောင်းလာသူတွေ ကတော့ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ဂျန်ဆွန်ထက်ကို ကွက်မျက်ပြီးတဲ့နောက် မြောက်ကိုရီးယားမှာ ထိတ်လန့် ကြောက်ရွံ့မှုတွေ လွှမ်းမိုးနေတယ်လို့ ပြောပါတယ်။

ဝါဒဖြန့်ရေးရာ ဌာနတွေ ဖွင့်လှစ်ပြီး မြောက်ကိုရီးယား ပြည်သူတွေ အနေနဲ့ ခေါင်းဆောင် ကင်ဂျုံအွန်းကို ထောက်ခံကြောင်း စာရေးခိုင်းတာတွေ လုပ်နေတယ်လို့ တချို့ ဘက်ပြောင်းလာသူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ