တရုတ် ကာကွယ်ရေးဇုန် ကိစ္စ ဂျွန်ကယ်ရီ သတိပေး

  • 17 ဒီဇင်ဘာ 2013
Image caption ဖိလစ်ပိုင်ကို ရောက်ရှိလာတဲ့ ဂျွန်ကယ်ရီ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က တရုတ်တို့ အနေနဲ့ တောင်တရုတ် ပင်လယ် ပြင်မှာ နောက်ထပ် လေကြောင်း ကာကွယ်ရေး ဇုန် ကြေညာတာမျိုး ထပ်မလုပ်ဖို့ သတိပေး ပြောကြားလိုက်ပါတယ်။

တရုတ်တို့ဟာ သူတို့ရဲ့ အရှေ့ဘက် ကမ်းလွန်မှာ ကာကွယ်ရေးဇုန် နယ်မြေအသစ် တစ်ခုကို မကြာ သေးခင်က ကြေညာထားတာ ဖြစ်ပါတယ်။

မစ္စတာ ကယ်ရီဟာ အခု ဖိလစ်ပိုင် နိုင်ငံ ခရီးစဉ်အတွင်း အခုလို ကြေညာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

နောက်ပြီး ရေပိုင်နက်နယ် အငြင်းပွားမှုတွေ အတွက် ကြိုးစား ဖြေရှင်းနေကြရတဲ့ ဒေသတွင်းက မိတ်ဆွေ နိုင်ငံတွေ ဘက်ကနေ ရပ်တည်ပေးသွားမယ်လို့လည်း မစ္စတာ ကယ်ရီက ပြောပါတယ်။

ဒါပေမယ့်လို့ ဒေသတွင်းက သက်ဆိုင်သူ နိုင်ငံအားလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ကိုတော့ မစ္စတာ ကယ်ရီက တိုက်တွန်းသွားပါတယ်။

အရှေ့ တရုတ်ပင်လယ်ပြင် လေကြောင်းကာကွယ်ရေး ဇုန်သစ် သတ်မှတ်မှုကို တရုတ်တို့ အနေနဲ့ အကောင်အထည် မဖော်သင့်ကြောင်း၊ နောက်ပြီး အခုလို တဘက်သက် ဆောင်ရွက်မှုတွေကို တခြား ဘယ်နေရာမှာမှ မလုပ်သင့်ဘူးလို့ သူက ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ