ဂျပန် ကာကွယ်ရေး ၅ နှစ် စီမံကိန်း ကြေညာ

  • 17 ဒီဇင်ဘာ 2013
Image caption ဂျပန် ကာကွယ်ရေး စခန်းတွေကို တရုတ်နဲ့ မျက်နှာချင်းဆိုင်ကို ပြောင်းရွှေ့မယ်

ဂျပန် နိုင်ငံဟာ တရုတ်တို့ရဲ့ ခြိမ်းခြောက်မှု ကြီးထွား လာနေတာကို တုံ့ပြန် ဆောင်ရွက်တဲ့ အနေနဲ့ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရေး နဲ့ စစ်တပ် ပုံစံ ပြောင်းလဲရေး ပြုလုပ်မယ့် ၅ နှစ် စီမံကိန်း တစ်ခုကို ကြေညာလိုက်ပါတယ်။

အဲဒီစီမံကိန်းမှာ ရေတပ် တပ်ဖွဲ့ အသစ်တစ်ခုကို ဖွဲ့စည်းမှာ ဖြစ်ပြီး ရေဒါ ထောက်လှမ်းရေး လေယာဉ်နဲ့ သင်္ဘောတွေကိုလည်း ဝယ်ယူမှာ ဖြစ်ပါတယ်။

နောက်ပြီး ဂျပန်ဟာ ကာကွယ်ရေး စခန်းနေရာကိုလည်း မြောက်ဘက်ကနေ တရုတ်နဲ့ မျက်နှင်ချင်းဆိုင် တောင်ဘက် ကျွန်းစုတွေဆီကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

တရုတ်တို့ဟာ ဝေဟင်နဲ့ ကမ်းလွန်မှာ တပ်ဖွဲ့တွေကို အင်အားတိုးချဲ့ကာ နဂို ရှိနေတဲ့ အနေအထားကို ပြောင်းလဲဖို့ ကြိုးပမ်းနေတယ်လို့ ဂျပန်က တရုတ်ကို စွပ်စွဲပါတယ်။

အရှေ့ တရုတ်ပင်လယ်ပြင်မှာက ကျွန်းစု ကိစ္စ သူပိုင် ငါပိုင် အငြင်းပွားနေတဲ့ ကိစ္စကလည်း တင်းမာမှုတွေ တိုးပွားလာနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ