ကင်ဂျုံအီးလ် ကွယ်လွန်ခြင်း ၂ နှစ်ပြည့်ပွဲ

  • 17 ဒီဇင်ဘာ 2013
Image caption ပန်းခွေချနေတဲ့ မြောက်ကိုရီးယား အရာရှိတွေ။

မြောက်ကိုရီးယား နိုင်ငံ ထိပ်တန်း အရာရှိ တွေဟာ သူတို့ရဲ့ ခေါင်းဆောင် ကင်ဂျုံအွန်းကို သစ္စာ စောင့်သိမယ်ဆိုပြီး ကတိတဝတ် ပြုခဲ့ကြ ပါတယ်။

ကင်ဂျုံအွန်းရဲ့ ဦးလေးတော်သူ၊ ထိပ်တန်း အာဏာရှိသူ ဖြစ်တဲ့ ဂျန်ဆွန်ထက်ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ကွပ်မျက်ခဲ့အပြီး ရက်ပိုင်းမှာပဲ အခုလို ကတိပြုခဲ့ကြတာ ဖြစ်ပါတယ်။

ကင်ဂျုံအွန်းရဲ့ ဖခင်၊ ယခင် ခေါင်းဆောင်ဟောင်း ကင်ဂျုံအီးလ် ကွယ်လွန်ခြင်း ၂ နှစ်ပြည့်အတွက် နိုင်ငံတော် အခမ်းအနားကြီးမှာ ဒီ ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ နိုင်ငံတော် ခေါင်းဆောင် အများစုဟာ အရင်အတိုင်း အခမ်းအနား စင်မြင့်ထက်မှာ ကင်ဂျုံးအွန်းကို တဖက်တချက် ဝိုင်းရံ တက်ရောက်လာတာကို တွေ့ရပါတယ်။

ဒီအတွက် ဖြုတ်ထုတ်ပစ်လိုက်တဲ့ တခြား အရာရှိတွေ ရှိသလား မရှိဘူးလား ဆိုတာကတော့ အကဲခတ်ဖို့ ခက်ခဲနေပါတယ်။

ကွပ်မျက်ခံလိုက်ရတဲ့ မစ္စတာ ဂျန်ရဲ့ ဇနီး ကင်ယန်ဟီး ကတော့ အခမ်းအနား မတက်ရောက်ပါဘူး။ ဒါပေမယ့်လည်း ပြုံယမ်း အစိုးရ သတင်းအေဂျင်စီကတော့ ကင်ယန်ဟီးဟာ သူမရဲ့ ရာထူးနေရာမှာ ဆက်လက် တာဝန် ထမ်းဆောင်နေဆဲလို့ ရည်ညွန်း ပြောကြားထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ