ဟိုင်ပါဆောနစ် ဒုံးပျံတွေ ပြောင်းထားဖို့ ရုရှားစီစဉ်

  • 17 ဒီဇင်ဘာ 2013
Image caption Kaliningrad ဒေသက စစ်ရေး ဖြန့်ကျက်မှု အခြေအနေ

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့ ပိုလန်နဲ့ လစ်သူယေးနီးယား တို့က သူတို့ နှစ်နိုင်ငံကြားမှာ ရှိတဲ့ ဘောလတစ် ပင်လယ် ကမ်းရိုးတမ်းက ရုရှားလက်အောက်ခံ Kaliningrad ဒေသမှာ အသံထက် ငါးဆမြန်တဲ့ ဟိုင်ပါဆောနစ် ဒုံးပျံတွေ ရုရှားက ပြောင်းထားမှာနဲ့ ပတ်သက်လို့ စိုးရိမ်တယ်လို့ ပြောပါတယ်။

ဒေသတွင်း စစ်အင်အား တိုးချဲ့မှုတွေက စိုးရိမ်ပူပန်မှုတွေ တိုးလာစေတယ်လို့ လစ်သူယေးနီးယား ကာကွယ်ရေး ဝန်ကြီး Juozas Olekas က ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူကတော့ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်စေတဲ့ ခြေလှမ်းတွေ မလှမ်းဖို့ ရုရှားကို အမေရိကန် အစိုးရက တိုက်တွန်း ထားတယ်လို့ ပြောပါတယ်။

ကလီးနီးဂရက် အပါအဝင် အနောက်ဖက် စစ်ဒေသမှာ တာတိုပစ် Iskander ဒုံးပျံတွေ ထားဖို့ ရှိတယ်လို့ ရုရှားက ပြောပေမယ့် နေရာ အတိအကျကိုတော့ ဖော်ပြမထားခဲ့ပါဘူး။