အာရပ်နွေဦး စတင်ရာ တူနီးရှားမှာ ဆန္ဒပြ

  • 17 ဒီဇင်ဘာ 2013
Image caption တိုးတက်မှုနှုန်းကို မကျေနပ်လို့ ဆန္ဒပြကြ

အာရပ် နွေဦးတော်လှန်းရေး စတင်ခဲ့ရာ ပြယုဂ်အဖြစ် တွေ့မြင်ရတဲ့ တူနီးရှား နိုင်ငံ ဆီဒီဘူဇိဒ် မြို့မှာ ရာနဲ့ချီတဲ့ တူနီးရှား ပြည်သူ တွေဟာ ဆန္ဒပြနေကြပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က စတင်ခဲ့တဲ့ အာရပ်နွေဦး တော်လှန်ရေးက စလို့ အခု အချိန်ထိ နိုင်ငံရေး စီးပွားရေး တိုးတက်မှု မရှိသေးဘူး ဆို့ပြီး ဆန္ဒပြ ကြတာ ဖြစ်ပါတယ်။

အဲဒီ ဆီဒီ ဘူဇိဒ်မြို့မှာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက လမ်းဘေးစျေးသည် တစ်ဦး ဖြစ်တဲ့ လူငယ် မိုဟာမတ် ဘိုဇီးဇီဟာ အစိုးရရဲ့ မတရားမှုကို ဆက်လက် သည်းမခံ နိုင်တော့ဘူး ဆိုတာကို ပြဆိုတဲ့ အနေနဲ့ သူ့ကိုယ်သူ မီးရှို့ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ကြီးမားတဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး တူနီးရှား သမ္မတပါ ရာထူးက ပြုတ်ကျကာ အာရပ် ကမ္ဘာတလွှား အလားတူ ဆန္ဒပြမှုတွေ အုံကြွ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ