အမျိုးသမီး သံတမန် အဖမ်းခံရမှု အိန္ဒိယ တုံပြန်

  • 18 ဒီဇင်ဘာ 2013
Image caption နယူးဒေလီမှာ အမေရိကန်ရဲ့ အပြုအမူကို ဆန္ဒပြနေသူအချို့။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အဖမ်းခံရပြီး တကိုယ်လုံးချွတ် အရှာခံခဲ့ရတဲ့ အိန္ဒိယ အမျိုးသမီး သံတမန်တစ်ဦးကို ပြန်ခေါ်နိုင်ဖို့ ရတဲ့နည်းနဲ့ ကြိုးစားမယ်လို့ အိန္ဒိယအစိုးရက တုံပြန်လိုက်ပါတယ်။

သံတမန်တစ်ဦးအပေါ် အမေရိကန်တို့ရဲ့ အခုလို ပြုမူ ဆက်ဆံပုံနဲ့ ပတ်သက်ပြီး အိန္ဒိယက စိတ်ဆိုး ဒေါသ ထွက်နေတာ ဖြစ်ပါတယ်။

အဲဒီ သံတမန်အမျိုးသမီးကို ပြန်ခေါ်ပြီး သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ရေးဟာ သူတို့ရဲ့ တာဝန် ဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး က ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။

အိန္ဒိယ သံတမန် အမျိုးသမီးကို လိမ်လည်ပြီး ဗီဇာရယူမှု၊ အိမ်အကူကို ပေးသင့်တဲ့ လစာ မပေးမှု စတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးပြီး အချုပ်ခန်းထဲမှာ ချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနကတော့ ဒီကိစ္စကို အကျယ်အကျယ် မဖြစ်အောင် ကြိုးစားနေပြီး ဒီကိစ္စကြောင့် အမေရိကန် အိန္ဒိယ ဆက်ဆံရေးကို မထိခိုက်စေသင့်ဘူးလို့ ပြောခဲ့ပါတယ်။

အိန္ဒိယကတော့ လက်တုံပြန်တဲ့အနေနဲ့ အမေရိကန် ကောင်စစ်အရာရှိတွေ အိန္ဒိယနိုင်ငံတွင်း မြန်မြန်ဆန်ဆန် ခရီးသွားနိုင်အောင် ထုတ်ပေးထားတဲ့ လေယဉ်ကွင်းဝင်ခွင့် ကဒ်တွေနဲ့ အိုင်ဒီကဒ်တွေကို ပြန်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ