တူရကီ ရဲချုပ် ၅ ဦးကို ရာထူးက ဖယ်ရှား

  • 18 ဒီဇင်ဘာ 2013
Image caption အဖမ်းခံရသူတွေထဲမှာ အီစတန်ဘူ မြို့နယ်မှူးတစ်ဦး ပါဝင်။

တူရကီနိုင်ငံမှာ ရဲချုပ် ၅ ဦးကို ရာထူးက ချထားလိုက်ပါတယ်။ အဲဒီ ၅ ဦးထဲမှာ အစိုးရရဲ့ အဂတိ လိုက်စားမှုတွေကို စုံစမ်းနေတဲ့ ရဲအဖွဲ့ တွေရဲ့ ခေါင်းဆောင်တွေပါ ပါဝင်ပါတယ်။

အစိုးရရဲ့ အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းဖို့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေရဲ့ သားတွေ အပါအဝင် လူ ၅၂ ဦးထက် မနည်းကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးတဲ့နောက် အခုလို ရဲအရာရှိကြီးတွေကို ရာထူးချထားခဲ့တာပါ။

အဲဒီလို အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ဖမ်းဆီးထားသူတွေထဲမှာ ဝန်ကြီးချုပ်နဲ့ နီးစပ်သူ စီးပွားရေးသမားတွေ၊ အစိုးရ အရာရှိတွေလည်း ပါဝင်ပါတယ်။

ရဲအရာရှိကြီးတွေကို အခုလို ရာထူးက ချထားခဲ့တာဟာ အာဏာရ အေကေ ပါတီနဲ့ ရဲ့နဲ့ တရားစီရင်ရေး အပေါ် သြဇာညောင်းတဲ့ အရင် မဟာမိတ် ပြည်ပရောက် ဘာသာရေး ခေါင်းဆောင် တစ်ဦး ဦးဆောင်တဲ့ အဖွဲ့ကြား အာဏာ လွန်ဆွဲနေတာကို ပြနေတယ်လို့ အီစတန်ဘူမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ