သရီးဒီ အာကာသ မှန်ပြောင်း ဥရောပ အေဂျင်စီ စတင်

  • 19 ဒီဇင်ဘာ 2013
Image caption ဂိုင်ယာ မှန်ပြောင်းကို သယ်ဆောင်တဲ့ ဒုံးပျံကို လွှတ်တင်စဉ်

ဥရောပ အာကာသ အေဂျင်စီက အာကာသ သိပ္ပံ သမိုင်းမှာ သမိုင်းဝင်ဖြစ်ရပ် တစ်ခုအဖြစ် မှတ်တမ်းတင်ရမယ့် အလွန် ရည်မှန်းချက် ကြီးမားတဲ့ ဆောင်ရွက်ချက် တစ်ခုကို စတင်လိုက်တယ်လို့ ကြေညာပါတယ်။

အဲဒီ ဆောင်ရွက်ချက်ကတော့ နဂါးငွေ့တန်းကြီးကို ကြည့်ဖို့အတွက် ဂိုင်ယာ လို့ခေါ်တဲ့ အာကာသ အဝေးကြည့် သရီးဒီ မှန်ပြောင်းကြီး တစ်ခုကို ပြုလုပ်တဲ့ စီမံကိန်းဖြစ်ပါတယ်။

ဒီမှန်ပြောင်းကြီးဟာ အာကာသ အတွင်းမှာ ရှိတဲ့ သိန်းပေါင်းများစွာသော ဂြိုဟ်တွေ ကြယ်တွေ အရာဝတ္ထုတွေကို တွေ့မြင်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

ဒါ့အပြင် ဒီ တယ်လီစကုပ် မှန်ပြောင်းကြီးဟာ ဟိုးအရင် နှစ်ပေါင်း သိန်းပေါင်းများစွာက နဂါးငွေ့တန်းကြီးရဲ့ အခြေအနေကိုပါ သိရှိ တွေ့မြင်နိုင်မယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ