အီးယူ ခေါင်းဆောင်တွေ ဥရောပ ဗဟိုဘဏ်ကို အာဏာ တိုးမြှင့်အပ်နှင်း

  • 19 ဒီဇင်ဘာ 2013
Image caption ဥရောပ သမဂ္ဂရဲ့ ဘဏ္ဍာရေး ဝန်ကြီးအချို့။

ဥရောပ သမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံရဲ့ ခေါင်းဆောင်တွေ ဘရပ်ဆဲလ်မှာ တွေ့ဆုံ ဆွေးနွေးကြပြီး တစ်နိုင်ငံချင်း အချုပ်အချာ အာဏာပိုင်မှုနဲ့ ပတ်သက်လို့ အကြီးဆုံး အပြောင်းအလဲအဖြစ် မှတ်တမ်းတင်ရမယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပါတယ်။

ဥရောပ သမဂ္ဂရဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေ လပေါင်း များစွာ ညှိနှိုင်း တိုင်ပင်ခဲ့ပြီးနောက် ဥရောပ သမဂ္ဂဇုန်အတွင်း ဘယ်နေရာမှာ မဆို အရှုံးပေါ်နေတဲ့ ဘဏ်ကို ဥရောပ သမဂ္ဂ ဗဟိုဘဏ်က ပိတ်ပစ်နိုင်တဲ့ ဥပဒေ တစ်ရပ်ကို သဘောတူ ချမှတ်လိုက်ပါတယ်။

စပိန်၊ အိုင်ယာလန်၊ ဆိုက်ပရပ်စ် တို့မှာ ဘဏ်တွေ စီးပွားရေး ပြိုလဲခဲ့တဲ့ ဖြစ်ရပ်မျိုး နောက်နောင် မကြုံတွေ့စေရေး ရည်မှန်းချက်နဲ့ ဥရောပ ဗဟိုဘဏ်ကို အခုလို အာဏာ အပ်နှင်းလိုက်တာ ဖြစ်ပါတယ်။

ဂျာမနီ နိုင်ငံဟာ အခု အပြောင်းအလဲအပေါ် ယုံကြည်မှု အနည်းဆုံး တိုင်းပြည် ဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမန် ဘဏ္ဍာရေးဝန်ကြီးကတော့ ဒီအပြောင်းအလဲဟာ ဥရောပ တိုးတက် ဖွံ့ဖြိုးရေးကို တည်ငြိမ်စေမယ့် မဏ္ဍိုင်ကြီး တစ်ခုလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ