တိုကျို အုပ်ချုပ်ရေးမှူး ရာထူးက နှုတ်ထွက်

  • 19 ဒီဇင်ဘာ 2013
Image caption တိုကျို အုပ်ချုပ်ရေးမှူး ရာထူးက နှုတ်ထွက်ကြောင်း ပြောနေစဉ်။

ရွေးကောက်ပွဲ မတိုင်မီကာလမှာ ကျန်းမာရေး လုပ်ငန်း ဆောင်ရွက်တဲ့ သူဌေးကြီး တယောက် ဆီက ဒေါ်လာ ၅ သိန်းကို ငွေသား အဖြစ်နဲ့ လက်ခံရယူခဲ့ကြောင်း ဝန်ခံပြီး တိုကျို အုပ်ချုပ် ရေးမှူး နာအိုကီ အီနိုဆေးဟာ ရာထူးက နှုတ်ထွက်သွားပါတယ်။

မစ္စတာ အီနိုဆေးဟာ ၂၀၂၀ ဂျပန် နွေရာသီ အိုလံပစ် ပွဲတော် ကျင်းပရေးအတွက် အရေးပါ ထင်ရှားသူ တစ်ယောက် ဖြစ်ပါတယ်။

အစတုန်းကတော့ သူဟာ အဲဒီငွေ ဒေါ်လာ ၅ သိန်းဟာ အတိုးမဲ့ ချေးငွေဖြစ်ပြီး ကိုယ်ရေးကိုယ်တာ အသုံးပြုဖို့ ချေးယူခဲ့တာလို့ ပြောပါတယ်။

ဒါပေမယ့် အခုတော့ အဲဒီငွေကို သူ လက်ခံရယူခဲ့ကြောင်း ဝန်ခံလိုက်ပြီး ဖိအားပေးမှုတွေကြောင့် ရာထူးက နှုတ်ထွက်သွားတာဖြစ်ပါတယ်။

အိုလံပစ် ပြင်ဆင်ရေးကို မထိခိုက်စေချင်လို့ သူထွက်သွားတာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ