ဂျပန် စက်ရုပ်ငယ် အာကာသမှာ စကား ပြောပြီ

  • 20 ဒီဇင်ဘာ 2013
Image caption ဂျပန် အာကာသယာဉ်မှူးနဲ့ စကားပြောတဲ့ စက်ရုပ်ငယ်။

ကမ္ဘာပေါ်မှာ ပထမဆုံး တီထွင် ထုတ်လုပ် ခဲ့တဲ့ စက်ရုပ် အာကာသ ယာဉ်မှူးလေးဟာ အာကာသ ထဲမှာ စကား စပြောပြီလို့ ဂျပန်နိုင်ငံက ပြော ကြားပါတယ်။

ကီရိုဘို လို့ နာမည်ပေးထားတဲ့ ဒီစက်ရုပ်လေးကို ပြီးခဲ့တဲ့ သြဂုတ်လက ဂျပန်ကနေ အာကာသကို လွှတ်တင်လိုက်တာဖြစ်ပြီး အခုတော့ စက်ရုပ်လေးဟာ နိုင်ငံတကာ အာကာသ စခန်းကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

အာကာသစခန်းက ဂျပန် အာကာယာဉ်မှူး အရာရှိ ကိုအိချိ ဝါကာတာကို စက်ရုပ်လေးကနေ စကားပြောနေတာကို ဗီဒီယိုကနေတဆင့် တွေ့ရပါတယ်။

ကီရိုဘိုရဲ့ ပြောစကားတွေဟာ တင်ကြိုပြီး ပရိုဂမ်ရေးဆွဲထားတဲ့ စကား မဟုတ်ဘဲ လူတွေလိုပဲ အခြေအနေကို ကြည့်ပြီး ပြန်လည် တုံ့ပြန် ပြောကြားတာသာ ဖြစ်တယ်လို့ ဒီစက်ရုပ်ကို တီထွင်သူတွေက ပြောပါတယ်။

တီထွင်သူတွေကတာ့ ကီရိုဘိုနဲ့ အလားတူ တခြား စက်ရုပ်တွေနဲ့ ပက်သတ်ပြီး အနာဂတ်အတွက် အများကြီး စဉ်းစားထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အခုလို အာကာသစခန်းမှာ ရှိနေတဲ့ သူတွေအတွက် စကားပြောဖော်ရအောင် အတွက်သာ မကဘဲ ကမ္ဘာ့ပေါ်က သက်ကြီးရွယ်အိုတွေ နဲ့ အထီးကျန်နေတဲ့ လူတွေအတွက်ပါ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ