ထိုင်းမှာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်

  • 22 ဒီဇင်ဘာ 2013
လူအများအပြား လမ်းမပေါ် စုဝေးချီတက်ဆန္ဒပြ

ထိုင်းနိုင်ငံဘန်ကောက်မှာ ဝန်ကြီးချုပ် ယင်လပ် ကိုရာထူးကနေထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြသူတွေ ဒီနေ့မှာ ပြန်စုဝေးလာခဲ့ပြီး အဲဒီထဲက ထောင်နဲ့ချီတဲ့လူအုပ်က ဝန်ကြီးချုပ် အိမ်အထိ သွားရောက်စုဝေးတောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြသူတွေ ဝန်ကြီးချုပ် အိမ်အထိ ရောက်ပေမယ့် အဲဒီအချိန်မှာ ဝန်ကြီးချုပ်က အိမ်မှာ မရှိပါဘူး။ အစိုးရက လုပ်ပေးမယ့် ဖေဖော်ဝါရီ ရွေးကောက်ပွဲ ကို အဓိကအတိုက်အခံ ပါတီ ဖြစ်တဲ့ ဒီမိုကရက်တစ် ပါတီ က မဝင်ဘူး လို့ မနေ့က ကြေညာခဲ့ပြီးတဲ့နောက် ဒီနေ့မှာ အခုလို လမ်းမပေါ် ချီတက်ဆန္ဒပြပွဲတွေ ဖြစ်လာတာပါ။ ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြတာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် ယင်းလပ်က ရွေးကောက်ပွဲ လုပ်ပေးမယ် လို့ ကြေညာထားခဲ့ပေမယ့် အတိုက်အခံတွေ က တော့ ရွေးကောက်ပွဲ မလုပ်ခင် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး စနစ် ကို အရင် ပြောင်းလဲဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ