တရုတ်နဲ့ Apple အိုင်ဖုန်း စာချုပ်ချုပ်ဆို

  • 23 ဒီဇင်ဘာ 2013
Image caption ဘေဂျင်းမြို့က အိုင်ဖုန်း အရောင်းဆိုင်

ကမ္ဘာကျော် အက်ပဲလ် နည်းပညာ ကုမ္ပဏီဟာ သူ့ရဲ့ မိုဘိုင်း အိုင်ဖုန်း စျေးကွက် ချဲ့ထွင်တဲ့ အနေနဲ့ တရုတ်နိုင်ငံက ချိုင်းနား မိုဘိုင်း နက်ဝက်နဲ့ သဘောတူ စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

ချိုင်းနား မိုဘိုင်း ကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး တယ်လီဖုန်း နက်ဝက် ဖြစ်ပြီး တရုတ်နိုင်ငံမှာ ချိုင်းနား မိုဘိုင်း နက်ဝက်ကို ယူထားသူ ပေါင်း သန်း ၇၆၀ ကျော် ရှိပါတယ်။

တရုတ်နိုင်ငံမှာက ဆမ်ဆောင်းနဲ့ တရုတ် ကုမ္ပဏီထုတ် စမာ့ဖုန်းတွေကြောင့် အက်ပဲလ်ထုတ် အိုင်ဖုန်းရဲ့ ရောင်းအားဟာ သိပ်မရှိပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ