တောင်ဆူဒန်မှာ မြို့သိမ်းတိုက်ပွဲ ပြင်ဆင်

  • 23 ဒီဇင်ဘာ 2013
Image caption ဘော်မြို့က ထွက်ပြေးလာကြသူများ

တောင်ဆူဒန် သမ္မတ ဆာလ်ဗာ ကီယားကို သစ္စာခံတဲ့ တပ်ဖွဲ့တွေဟာ ဒုသမ္မတဟောင်း ရီယက် မာချာကို ထောက်ခံတဲ့ တပ်ဖွဲ့တွေ သိမ်းထားတဲ့ ဘော်မြို့ကို ပြန်ပြီး တိုက်ခိုက် သိမ်းယူ နိုင်ဖို့အတွက် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

နိုင်ငံခြားသားတွေကို ဘေးလွတ်ရာ ပို့ပေးနေရ တာကြောင့် တိုက်ခိုက်မှုတွေ လုပ်ဖို့ ကြန့်ကြာနေရတာလို့ သမ္မတ ကီယားက ပြောပါတယ်။

ဘော် မြို့အနီးက မျက်မြင် သက်သေတဦး ဘီဘီစီကို ပြောတာကတော့ တိုက်ပွဲကနေ လွတ်အောင် မြို့ကနေ ထွက်ပြေးလာကြတဲ့ လူတွေဟာ ဘယ်သွားလို့ ဘယ်လာရမှန်း မသိ ဖြစ်နေပြီး ထိတ်လန့် တုန်လှုပ်နေကြတယ်လို့ ဆိုပါတယ်။

တောင်ဆူဒန် နိုင်ငံခြားရေး ဝန်ကြီးကတော့ သူတို့ တပ်ဖွဲ့တွေ ရှုံးနိမ့်နေတယ်ဆိုတဲ့ သတင်းတွေ မဟုတ်ကြောင်း ငြင်းဆို ထားပြီး အစိုးရအနေနဲ့ အခုအချိန်အထိ အခြေအနေကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

တောင်ဆူဒန် နိုင်ငံထဲမှာ ရှိတဲ့ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ကတော့ သူတို့ဆီ ခိုလှုံလာတဲ့ လူတွေကို ပစ်ထားခဲ့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ