ထိုင်း ဆန္ဒပြသူတွေ အားကစားဝင်းကို ပိတ်ဆို့

  • 23 ဒီဇင်ဘာ 2013
Image caption အားကစားကွင်းကို ပိတ်ဆို့ ဆန္ဒပြကြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေဟာ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်တွေ မှတ်ပုံတင်လို့ မရအောင် မှတ်ပုံတင်မှုတွေ ဆောင်ရွက်နေတဲ့ အားကစားဝင်းကို ပိတ်ဆို့ ဆန္ဒပြနေကြ ပါတယ်။

ဒီအတွက် မှတ်ပုံတင်မှုတွေကို တခြား နေရာမှာ လုပ်ဆောင်ရမယ့် အခြေအနေ ရှိနေပါတယ်။

နောက်ထပ် ဆန္ဒပြ အုပ်စု တစ်ဖွဲ့ကလည်း ဘန်ကောက်က ရဲ စုံစမ်းစစ်ဆေးရေး အေဂျင်စီ ဖြစ်တဲ့ DSI ဌာနချုပ်ကို ဝင်စီးထားကြပါတယ်။ ရဲတွေက ထိပ်တိုက် ရင်ဆိုင်မှုတွေ မဖြစ်ရအောင် ရှောင်ပေးခဲ့ပြီးနောက် အခုလို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအစိုးရ နုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေခဲ့တာကြောင့် ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်က ဖေဖော်ဝါရီလ အစောပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပေးထားပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ