ထိုင်းရွေးကောက်ပွဲ မရွှေ့နိုင်လို့ အစိုးရပြော

  • 26 ဒီဇင်ဘာ 2013
thailand
Image caption မငြိမ်သက်သေးတဲ့ မြို့တော်ဘန်ကောက် တနေရာ

ထိုင်းရွေးကောက်ပွဲကော်မရှင် က လာမယ့် ဖေဖော်ဝါရီမှာလုပ်မယ် လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အစိုးရ ကို ပြောပေမယ့် ထိုင်းအစိုးရကတော့ ရွေးကောက်ပွဲကို လုပ်မယ်ဆိုပြီး ပယ်ချလိုက်ပါတယ်။

ထိုင်းအစိုးရထိပ်တန်း ဝန်ကြီး တယောက်က ရွေးကောက်ပွဲကို ဆိုင်းငံ့ဖို့ ထိုင်းဥပဒေ က ခွင့်မပြုဘူးလို့ ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဘက်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးအကြမ်းဖက်ကြတာတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ရွေးကောက်ပွဲ ကို ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

အစောပိုင်းတုန်းကလည်း ဘန်ကောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရကိုဆန့်ကျင်ဆန္ဒပြသူတွေ အကြား တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပြီး ရဲဝန်ထမ်းတယောက် သေဆုံးခဲ့တယ်လို့ ထိုင်းရဲတွေ က ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ စာရင်းသွင်းရာ အဆောက်အဦ အပြင်ဘက်မှာ အဆိုပါရဲ သေနတ်ထိမှန်လို့ သေဆုံးရတာ လို့ ထိုင်းရဲတွေ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ