အမေရိကန်က အီရတ်ကို စစ်လက်နက် ပစ္စည်းတွေပေးပို့

  • 27 ဒီဇင်ဘာ 2013
scan_eagle_drone
Image caption မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်းလေယာဉ်

အမေရိကန် ပြည်ထောင်စု က အီရတ် နိုင်ငံမှာ အဲလ်ကာယီးဒါး အဖွဲ့ တွေကို နှိမ်နင်းရေးမှာ အထောက်အကူ ရနိုင်ဖို့ အတွက် စုံစမ်း ထောက်လှမ်း ရေးသုံး မောင်းသူမဲ့ ဒရုန်း လေယာဉ် တွေနဲ့ ဒုံးကျည် တွေကို ဒါဇင်နဲ့ ချီလို့ ပေးပို့ လိုက်ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနက အရာရှိ တဦးက Hellfire ဒုံးကျည်တွေနဲ့ Scan Eagle drone တွေကို အီရတ် အာဏာပိုင် တွေဆီကို ပို့ပေး ခဲ့တယ်လို့ New York Times သတင်းစာကို အတည်ပြု ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး အဲဒီ အရာရှိက အမေရိကန် ဘက်က အီရတ် အစိုးရ မှာ ကာကွယ်ရေး နဲ့ ပတ်သက်လို့ လိုအပ်ချက် တွေရှိလာတိုင်း ဖြည့်ဆည်း ပေးသွားမယ်လို့ လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က ဘဂ္ဂဒက် မြို့တော်မှာ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ အတွက် လူပေါင်း ၃၀ ကျော် သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ