NSA ဖုန်းနားထောင်မှု ဖက်ဒရယ်ရုံးဆုံးဖြတ်

  • 28 ဒီဇင်ဘာ 2013
us phone
Image caption အကြမ်းဖက် တိုက်ခိုက်မှုတွေ ပျက်ပြားအောင် ထောက်လှမ်း

အမေရိကန် အမျိုးသား ထောက်လှမ်းရေးရဲ့ ဖုန်းဖြတ်ယူ နားထောင်မှု တွေဟာ ဥပဒေနဲ့ အညီ ဖြစ်တယ်လို့ ဖက်ဒရယ် တရားသူကြီး တဦးက ဆုံးဖြတ် လိုက်ပါတယ်။

အစိုးရက ဒီအချက်အလက်တွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ပျက်ပြားအောင်လုပ်ဖို့နဲ့ စုံစမ်း ထောက်လှမ်းဖို့က လွဲပြီး တခြား နေရာမှာ သုံးစွဲတဲ့ အထောက်အထား မတွေ့ရဘူးလို့ တရားသူကြီး William Pauley က ဆိုပါတယ်။

အယ်လ်ခိုင်ဒါ ကွန်ယက် တွေကို အလဲထိုးဖို့ အစိုးရက ထောက်လှမ်းတာ ဖြစ်တယ် ဆိုပြီး အမေရိကန် ပြည်သူ့ အခွင့်အရေး သမဂ္ဂရဲ့ ဦးတိုက် လျှောက်ထားမှုကို တရားသူကြီး က ပယ်ချ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ