ကမ္ဗောဒီးယား အတိုက်အခံ သောင်းချီ ဆန္ဒပြ

  • 29 ဒီဇင်ဘာ 2013
Cambodia
Image caption ဟွန်ဆင် နုတ်ထွက်ဖို့ တောင်းဆို

ထောင်သောင်း ချီတဲ့ ကမ္ဗောဒီးယား အတိုက်အခံ ထောက်ခံသူ တွေက ဝန်ကြီးချုပ် ဟွန်ဆင် နုတ်ထွက် ပြီး ရွေးကောက်ပွဲ အသစ် တွေ ပြန်ကျင်းပ ဖို့ ဖနောင်ပင် မြို့တော်မှာ ချီတက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

လုပ်ခ လစာ တိုးတက် ရရှိဖို့ ဆန္ဒပြ နေကြတဲ့ အထည်ချုပ် စက်ရုံ အလုပ်သမား တွေလည်း ဒီ သပိတ် မှာ ပူးပေါင်း ပါဝင် လာကြ ပါတယ်။

အပြောင်းအလဲ လိုလားတဲ့ ကမ္ဗောဒီးယား လူထု ဆန္ဒကို အနှစ် ၃ဝ နီးပါး အုပ်စိုး လာတဲ့ ဟွန်ဆင် လျစ်လျူမရှု နိုင်ဘူးလို့ အတိုက်အခံ ခေါင်းဆောင် Sam Rainsy က လူထု မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

ဟွန်ဆင်ရဲ့ ပါတီ အာဏာ ပြန်ရ လာတဲ့ ဇူလိုင် ရွေးကောက်ပွဲ ရလဒ်ကို အတိုက်အခံ ဘက်က ပယ်ချ ခဲ့ပြီး မဲလိမ် ခံရတယ်လို့ ဆိုပါတယ်။

အဲဒိ ရွေးကောက်ပွဲမှာ မဲနိုင်ခဲ့ပေမယ့် ဟွန်ဆင်ကို အများစု ထောက်ခံမှု ကျဆင်း လာတာ ကို တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ