ဆော်ဒီက လက်ဘနွန်ကို ဒေါ်လာသန်းသုံးထောင် ကူညီ

  • 30 ဒီဇင်ဘာ 2013
Image caption လက်ဘနွန် သမ္မတ မီရှဲလ် ဆူလေမွန်းဒ်

လက်ဘနွန် စစ်တပ်အတွက် ဆော်ဒီအာရေဗျက အကူအညီ ဒေါ်လာသန်း သုံးထောင် ကူညီထောက်ပံ့ပေးနတယ်လို့ လက်ဘနွန် သမ္မတ မီရှဲ ဆူလေမွန်း က ပြောပါတယ်။

တကယ်လို့ လက်ဘနွန်က အကူအညီ တောင်းခံမယ် ဆိုရင် ပြင်သစ်ကလည်း လက်နက် ထောက်ပံ့မယ်လို့ ဆော်ဒီအာရေဗျကို ရောက်ခိုက် ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလွန်းဒ် က ပြောပါတယ်။

ဆီးရီးယား ပြည်တွင်းစစ် လက်ဘနွန်ကို ကူးစက်တော့မှာလား ဆိုပြီး စိုးရိမ်မှုတွေ ပေါ်ပေါက်လာတဲ့ အချိန်မှာ အခုလို လက်ဘနွန်ကို စစ်ရေး အကူအညီတွေ ပေးဖို့ ကတိတွေ ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ ဆော်ဒီ အာရေဗျ တို့က ဆီးရီးယား ပြည်တွင်းစစ်မှာ သူပုန်တွေကို ထောက်ခံကြပြီး လက်ဘနွန်က ရှီးယား မွတ်ဆလင် ဟစ်ဇဘိုလာ အဖွဲ့ကတော့ ဆီးရီးယား သမ္မတ ဘတ်ရှား အယ်လ် အာဆက်ဒ် အတွက် တိုက်ခိုက် ပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ လက်ဘနွန် နိုင်ငံရေးသမား မိုဟာမက် ချက်တာ့ ရဲ့ စျာပနာ ကျင်းပပြီးတဲ့နောက် အချိန်ပိုင်း အတွင်းမှာ သမ္မတ ဆူလေမန်က ဒီ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ချက်တာ လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ ဟစ်ဇဘိုလာတွေကို အပြစ်ပုံချထားပေမယ့် ဆော်ဒီက ကျောထောက် နောက်ခံ ပေးထားတဲ့ March the Fourteenth alliance အဖွဲ့က ထိပ်တန်း အဖွဲ့ဝင် တယောက် ဖြစ်တဲ့ မစ္စတာ ချာတက် ကားဗုံးထောင် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ သူတို့အပေါ် အပြစ်ပုံချတဲ့ အပေါ် ဟစ်ဇဘိုလာတွေ ငြင်းဆိုထားပါတယ်။