ဗော်လ်ဂိုဂရက် ဘူတာရုံမှာ အသေခံ ဗုံးခွဲ

russia
Image caption ရုရှ တောင်ပိုင်းက အချက်အခြာ ကျတဲ့ ဗော်လ်ဂိုဂရက်

ရုရှ တောင်ပိုင်း ဗော်လ်ဂိုဂရက်မြို့က ဘူတာရုံကြီးမှာ အသေခံ ဗုံးခွဲမှုကြောင့် အနည်းဆုံး ၁၃ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိသွား ပါတယ်။

အသေခံ ဗုံးခွဲသူဟာ အမျိုးသမီး ဖြစ်တယ်လို့ ရုရှ အကြမ်းဖက် မှု တိုက်ဖျက်ရေး အာဏာပိုင် တွေက ထုတ်ပြန်ပါတယ်။

နှစ်သစ်ကူး မတိုင်ခင် ခရီးသွား တွေနဲ့ ရှုပ်ထွေးနေတဲ့ ရုရှ လေဆိပ်တွေနဲ့ မီးရထား ဘူတာ တွေမှာ လုံခြုံရေး ထပ်မံ တင်းကျပ် လိုက်ပါတယ်။

နောက်နှစ် Sochi မှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် ပွဲ မတိုင်ခင် စစ်သွေးကြွတွေက အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်လာ နိုင်တယ်လို့ ယူဆ နေချိန်မှာ ဒီပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ