အလုပ်လက်မဲ့တွေကို ထောက်ပံ့တဲ့အစီအစဉ် သက်တမ်း ကုန်ဆုံး

  • 29 ဒီဇင်ဘာ 2013
Image caption အလုပ်လက်မဲ့တွေ တန်းစီစောင့်စားနေ

အမေရိကန် ပြည်ထောင်စုမှာ ၂ဝဝဂ တုန်းက ပြဌာန်းခဲ့တဲ့ အလုပ်လက်မဲ့တွေကို ထောက်ပံ့တဲ့ အရေးပေါ် အစီအစဉ်ဟာ မနေ့က စနေနေ့တုန်းက သက်တမ်း ကုန်ဆုံးသွားပါပြီ။

ဒါကြောင့် အမေရိကန် ပြည်သူ တသန်းကျော်ဟာ အလုပ်လက်မဲ့တွေ အပေါ် အစိုးရက ထောက်ပံ့တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။

ဆောင်းရာသီ ကွန်ဂရက် လွှတ်တော် ခေါ်ယူမှု မစခင် ဒီအစီအစဉ်ကို ထပ်မံ သက်တမ်းတိုးဖို့ ဥပဒေပြု အမတ်တွေကြား သဘောတူညီမှု မရခဲ့ပါဘူး ။

ဒီအစီအစဉ် အတွက် ကုန်ကျငွေ ဒေါ်လာ ၂၅ ဘီလီယံ သိတ်များလွန်းတယ်လို့ ရီပါ့ဘလစ်ကန် အမတ်တွေက စောဒက တက်ခဲ့ကြသလို ဒီမိုကရက်တွေ ကတော့ လာမယ့် ဇန္နဝါရီလ အစောပိုင်း ကွန်ကရက် လွှတ်တော် ပြန်လည် ခေါ်ယူတဲ့ အခါကျရင် သက်တမ်းကုန်သွားတဲ့ ဒီအစီအစဉ်ကို ပြန်လည် အသက်သွင်းနိုင်အောင် ကြိုးစားဖို့ ဆိုင်းပြင်း နေပါတယ်။