ရှင်ဂျန်း အဓိကရုဏ်း လူ ၈ ဦး ပစ်သတ်ခံရ

  • 30 ဒီဇင်ဘာ 2013
Image caption ရှင်ဂျန်းဒေသမှာ အခုနှစ်အတွင်း လူ တစ်ရာကျော် သေဆုံးပြီးဖြစ်

တရုတ်နိုင်ငံ အနောက်ပိုင်းက တည်ငြိမ်မှု သိပ်မရှိတဲ့ ရှင်ဂျန်း ဒေသမှာ လူတစုက ရဲစခန်း တခုကို တိုက်ခိုက်လို့ ရဲက လူ ၈ ဦးကို ပစ်သတ်လိုက်ပါတယ်။

ရဲစခန်းကို တိုက်ခိုက်ခဲ့သူလို့ သံသယရှိသူ တဦးကိုလည်း ဖမ်းဆီးလိုက်ပါတယ်။

အခု ဖြစ်ရပ်ဟာ ရှေးခတ် ကုန်သွယ် လမ်းကြောင်းမြို့ ဖြစ်တဲ့ ကက်ရှ်ဂါ မြို့ အနီးက ယာကန် ခရိုင်မှာ ဖြစ်ပွားခဲ့တာပါ။

ရှင်ဂျန်း ဒေသမှာ အခုနှစ်ထဲ အလားတူ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း လူပေါင်း ၁ ရာကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

တရုတ် အစိုးရကတော့ ဒါဟာ အဲဒီဒေသက လူများစုဖြစ်တဲ့ မူဆလင် ဝီဂါ လူမျိုးစုတွေထဲက ခွဲထွက်ရေး သမားတွေ လက်ချက်ဆိုပြီး အပြစ်ဖို့ပါတယ်။

ဝီဂါ လူမျိုးတွေကတော့ ရဲ့တပ်ဖွဲ့ရဲ့ ဖိနှိပ်မှုတွေကြောင့် အခုလို အကြမ်းဖက်မှုတွေ ဖြစ်ရတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ