ရုရှားမှာ ဒုတိယအကြိမ် ဗုံးကွဲ၊ ၁၄ ဦးသေ

  • 30 ဒီဇင်ဘာ 2013
Image caption ဒုတိယ ဗုံးခွဲမှုအပြီး စစ်ဆေးစဉ်။

ရုရှနိုင်ငံ ဗော်လ်ဂိုဂရက် မြို့မှာ ၂၄ နာရီ အတွင်း ၂ ကြိမ် ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု တွေကို စုံစမ်း စစ်ဆေးရာမှာ ပေါက်ကွဲမှု နှစ်ခုက ရရှိတဲ့ ဗုံးအစ အနတွေ ဟာ တူညီနေ တာကြောင့် တိုက်ခိုက်မှု တခုနဲ့ တခု ဆက်စပ်မှု ရှိ နေတယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။

ပေါက်ကွဲမှု နှစ်ခုစလုံးမှာ ဖောက်ခွဲပစ္စည်း အနည်းဆုံး ၄ ကီလိုဂရမ်လောက် သုံးထားပြီး ဗုံးတွေထဲမှာ ကွဲရှစေနိုင်တဲ့ ပစ္စည်းတွေ ထည့်ထားကြောင်း စုံစမ်းစစ်ဆေးရေး ကော်မတီ ပြောခွင့်ရသူက ပြောပါတယ်။

ဒီကနေ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးသွားပါတယ်။

ဒီဖောက်ခွဲမှုဟာ ဒီကနေ့ မနက်ပိုင်း လူသွားလူလာ များချိန် ကောင်းကင်ကြိုး ဓာတ်အားနဲ့ သွားတဲ့ ဘတ်စကား တစီးပေါ်မှာ ဖြစ်ပွားခဲ့တာပါ။

ပထမအကြိမ် ပေါက်ကွဲမှုကတော့ မီးရထားဘူတာရုံတခုမှာ ဖြစ်ပွားခဲ့ပြီး အဲဒီမှာတော့ လူ ၇ ဦး သေဆုံးသွားခဲ့ပါတယ်။