တောင်ဆူဒန် သူပုန်တွေကို ယူဂန်ဒါ ခြိမ်းခြောက်

  • 30 ဒီဇင်ဘာ 2013
Image caption တောင်ဆူဒန်မှာ သီတင်း ၂ပတ်အတွင်း လူ ၁ ထောင်ကျော် သေဆုံးခဲ့

ယူဂန်ဒါ သမ္မတ ယူဝါနီ မူဆာဗနီက တောင် ဆူဒန် သူပုန် ခေါင်းဆောင် ရီရက်ခ် မာချာကို စစ်ရေးအရ အရေးယူသွားမယ်လို့ ခြိမ်းခြောက် လိုက်ပါတယ်။

အပစ်ရပ်ရေး အဆိုပြုချက်တွေကို မစ္စတာ မာချာက ပယ်ချခဲ့မယ် ဆိုရင် အာဖရိက အရှေ့ပိုင်း နိုင်ငံတွေ အနေနဲ့ မစ္စတာ မာချာကို အပြတ်တိုက်ကြရမယ်လို့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တောင်ဆူဒန်မှာ ရောက်ရှိ နေတဲ့ မစ္စတာ မူတာဗနီက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ၂ ပတ်အတွင်း တောင်ဆူဒန်မှာ လူမျိုးရေး အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၁ ထောင်ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

နှစ်ဖက် တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ အခုနှစ်ကုန် ပိုင်းကို နောက်ဆုံးအနေနဲ့ သတ်မှတ် ထားပါတယ်။

မစ္စတာ မူဆာဗနီဟာ တောင်ဆူဒန် သမ္မတ ဆာလ်ဗာ ကီးယားရဲ့ အဓိက မဟာမိတ် တဦး ဖြစ်ပြီး သူ့တပ်ဖွဲ့တွေကိုလည်း တောင်ဆူဒန်မှာ ချထားပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ